For iOS, Android & Tablets · Private & Offline iPhone၊ iPad၊ Android နှင့် Tablets များအတွက် · လုံခြုံစိတ်ချ အော့ဖ်လိုင်း

Sayin

Less time on accounts. More time for life. စာရင်းရှင်းဖို့ အချိန်လျှော့၊ ကိုယ့်အတွက် အချိန်ပို။

From daily spending to shared dinners and trips, keep every wallet, currency and balance in one simple app. Know where your money goes—and who owes whom. နေ့စဉ်သုံးငွေကနေ သူငယ်ချင်းတွေနဲ့ စားသောက်စရိတ်၊ ခရီးစရိတ်အထိ Sayin နဲ့ လွယ်လွယ်မှတ်ပါ။ Wallet တစ်ခုချင်း၊ ငွေကြေးတစ်မျိုးချင်း စာရင်းရှင်းပြီး ဘယ်မှာ ဘယ်လောက်သုံးထားလဲ၊ ဘယ်သူ့ကို ပေးဖို့ကျန်လဲ တစ်နေရာတည်းမှာ သိနိုင်ပါတယ်။

Coming soon onမကြာမီ ရရှိနိုင်မည် App Store
Coming soon onမကြာမီ ရရှိနိုင်မည် Google Play
100% On-Device Data ဖုန်းထဲ၌သာ သိမ်းဆည်းသည် · Zero Ads ကြော်ငြာလုံးဝမပါ · Full Offline Mode အော့ဖ်လိုင်း အပြည့်အဝ
Sayin Dashboard Overview Screen
Built on Privacy လုံခြုံမှု အဓိက

Your data stays on your device. သင့်အချက်အလက်များသည် သင့်ဖုန်းထဲ၌သာ ရှိနေမည်။

Thoughtful Design စနစ်တကျ ဖန်တီးထားမှု

Everyday money. Everyday clarity. နေ့စဉ်ငွေစာရင်း၊ ရှုပ်စရာမလိုတော့ပါ။

A quick expense, a shared bill, a transfer home. Keep the details together with tools that are easy to use. ကော်ဖီတစ်ခွက်ဖိုး၊ အဖွဲ့လိုက်ညစာဖိုး၊ အိမ်ကိုပို့တဲ့ငွေ—ငွေစာရင်းတိုင်းကို ရိုးရိုးရှင်းရှင်း မှတ်သားနိုင်ဖို့။

A wallet for every balanceငွေကို Wallet အလိုက် ခွဲထားမယ်

Separate cash, bank accounts and mobile wallets. Record income and spending against the right wallet so each balance is easy to follow.လက်ထဲကငွေ၊ ဘဏ်အကောင့်နဲ့ Mobile Wallet တွေကို သီးခြားခွဲထားပါ။ ဝင်ငွေ၊ ထွက်ငွေကို သက်ဆိုင်ရာ Wallet နဲ့ မှတ်ပြီး ဘယ်နေရာမှာ ဘယ်လောက်ရှိလဲ လွယ်လွယ်ကြည့်နိုင်ပါတယ်။

Meet. Party. Travel. Split easily.Meeting၊ Party၊ Trip — စာရင်းရှင်းရ လွယ်မယ်

Create a group for a meeting, party or trip. Track who paid, split shared expenses and see what each person needs to settle.Meeting၊ Party၊ Trip နဲ့ အတူစားတဲ့ ညစာပွဲတွေအတွက် Group ဖွဲ့ပါ။ ဘယ်သူက ဘယ်လောက်ပေးထားလဲ မှတ်ပြီး တစ်ယောက်ချင်းစီ ရှင်းရမယ့်ငွေကို လွယ်လွယ်သိနိုင်ပါတယ်။

Many currencies. Clear accounts.ငွေကြေးစုံလည်း စာရင်းမရှုပ်ဘူး

Track SGD, MMK, USD and more, with balances shown separately by currency. Read your accounts clearly without mixing different currencies into one total.SGD၊ MMK၊ USD စတဲ့ ငွေကြေးမျိုးစုံနဲ့ မှတ်သားနိုင်ပါတယ်။ မတူတဲ့ငွေကြေးတွေကို ရောမပေါင်းဘဲ တစ်မျိုးချင်းစီ ရှင်းရှင်းလင်းလင်း ဖော်ပြပေးပါတယ်။

Money sent home, rememberedအိမ်ပို့ငွေတိုင်း မှတ်တမ်းရှိမယ်

Keep the exchange rate, amount sent, amount received, fee and recipient together for each remittance. Review past transfers whenever you need.ငွေလွှဲတစ်ကြိမ်ချင်းစီရဲ့ ငွေလဲနှုန်း၊ ပို့ငွေ၊ လက်ခံရရှိငွေ၊ ဝန်ဆောင်ခနဲ့ လက်ခံသူကို တစ်ခါတည်း မှတ်ထားပါ။ အရင်က ပို့ထားတဲ့ငွေစာရင်းတွေကိုလည်း ပြန်ကြည့်ရ လွယ်ပါတယ်။

Give your spending a planသုံးငွေအတွက် Budget ကြိုသတ်မှတ်မယ်

Set monthly, category or group budgets. See how much you have used and get a warning as spending approaches your limit.လစဉ်သုံးငွေ၊ Category အလိုက်သုံးငွေနဲ့ Group အသုံးစရိတ်အတွက် Budget သတ်မှတ်ပါ။ ဘယ်လောက်သုံးပြီးပြီလဲ သိနိုင်ပြီး သတ်မှတ်ပမာဏနား ရောက်လာရင်လည်း သတိပေးပါတယ်။

See where your money goesဘာအတွက် ပိုသုံးမိနေလဲ သိမယ်

See spending by category, from food and transport to shopping. Review a day, a month or your chosen date range to understand your habits.စားသောက်စရိတ်၊ သွားလာစရိတ်၊ ဈေးဝယ်စရိတ်တွေကို Category အလိုက် ကြည့်ပါ။ နေ့အလိုက်၊ လအလိုက်နဲ့ ကိုယ်ရွေးထားတဲ့ကာလအလိုက် ဘာအတွက် ပိုသုံးထားလဲ လွယ်လွယ်သိနိုင်ပါတယ်။

Your records, ready for ExcelExcel ထဲ ဆက်ကြည့်ဖို့လည်း လွယ်တယ်

Export your records to Excel for further calculations or sharing. CSV and PDF formats are available too.မှတ်ထားတဲ့စာရင်းတွေကို Excel အဖြစ် အလွယ်တကူ ထုတ်ယူပြီး ဆက်တွက်တာ၊ မျှဝေတာ လုပ်နိုင်ပါတယ်။ CSV နဲ့ PDF အဖြစ်လည်း ထုတ်ယူနိုင်ပါတယ်။

Your finances, behind a lockကိုယ့်ငွေစာရင်းကို ကိုယ်ပဲဖွင့်မယ်

Lock Sayin with a PIN or your device’s supported biometrics, including face or fingerprint recognition, to keep your records private.PIN ဒါမှမဟုတ် ဖုန်းက ပံ့ပိုးတဲ့ မျက်နှာ၊ လက်ဗွေ အတည်ပြုစနစ် (Biometric) နဲ့ App Lock ခတ်ထားပြီး ကိုယ့်ငွေစာရင်းကို လုံခြုံစွာ သိမ်းထားနိုင်ပါတယ်။

No connection? Keep recording.အင်တာနက်မရှိလည်း မှတ်ထားလို့ရတယ်

Record expenses and check your accounts offline. Your everyday bookkeeping can carry on wherever you are.အင်တာနက်မရတဲ့နေရာမှာလည်း အသုံးစရိတ်မှတ်တာ၊ စာရင်းပြန်ကြည့်တာ လုပ်နိုင်ပါတယ်။ ဘယ်နေရာရောက်ရောက် နေ့စဉ်ငွေစာရင်း မပြတ်တော့ပါဘူး။

Simple from the first tapစဖွင့်တာနဲ့ သုံးရလွယ်တဲ့ UI

A simple interface keeps everyday actions easy to find. Use Sayin in English or Burmese on your phone or tablet.ရှင်းလင်းတဲ့ UI ကြောင့် လိုတဲ့လုပ်ဆောင်ချက်ကို အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဖုန်း၊ Tablet မှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ကိုယ်အဆင်ပြေသလို သုံးနိုင်ပါတယ်။

Light or dark. Your choice.Light လား၊ Dark လား — ကိုယ်ကြိုက်သလို

Choose Light Mode or Dark Mode for a look that suits you, whether you are checking a balance in daylight or recording an expense at night.နေ့ဘက် စာရင်းကြည့်ချိန်ပဲဖြစ်ဖြစ်၊ ညဘက် အသုံးစရိတ်မှတ်ချိန်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ Light Mode၊ Dark Mode ကို ရွေးသုံးနိုင်ပါတယ်။

Who owes what? Keep it clear.ပေးဖို့ကျန်လား၊ ရဖို့ရှိလား

Keep payable and receivable balances in one place. See who you need to pay and who still owes you, then record it when you settle up.ကိုယ်က ပေးဖို့ကျန်တဲ့ငွေနဲ့ သူများဆီက ရဖို့ရှိတဲ့ငွေကို မှတ်ထားပါ။ ဘယ်သူ့ကို ဘယ်လောက်ပေးရမလဲ၊ ဘယ်သူ့ဆီက ဘယ်လောက်ရမလဲ သိနိုင်ပြီး ရှင်းပြီးတဲ့အခါ စာရင်းပြန်မှတ်နိုင်ပါတယ်။

Questions & Answers အမေးနှင့် အဖြေများ

Frequently Asked Questions မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

Is Sayin free to use? Sayin ကို အခမဲ့ အသုံးပြုနိုင်ပါသလား။

Sayin is currently free to use. Sayin ကို လောလောဆယ် အခမဲ့ အသုံးပြုနိုင်ပါသည်။

Does it work offline? အင်တာနက်မရှိဘဲ အော့ဖ်လိုင်း သုံးနိုင်ပါသလား။

Yes. Sayin works entirely offline. No internet connection or cloud account is needed to record transactions, manage budgets, or settle split balances. ဟုတ်ကဲ့၊ ရာနှုန်းပြည့် အော့ဖ်လိုင်း အသုံးပြုနိုင်ပါသည်။ ငွေစာရင်းမှတ်သားခြင်း၊ ဘတ်ဂျက်စစ်ဆေးခြင်းနှင့် အသုံးစရိတ်ခွဲဝေခြင်းများအားလုံး အင်တာနက်မလိုဘဲ အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။

Which currencies are supported? မည်သည့် ငွေကြေးအမျိုးအစားများကို ထောက်ပံ့ပေးထားပါသလဲ။

Sayin supports major global and regional currencies including SGD, MMK, USD, THB, MYR, KRW, JPY, EUR, and more. Amounts are tracked per currency and never mixed together. စင်ကာပူဒေါ်လာ (SGD)၊ မြန်မာကျပ် (MMK)၊ အမေရိကန်ဒေါ်လာ (USD)၊ ထိုင်းဘတ် (THB)၊ မလေးရှားရင်းဂစ် (MYR)၊ ကိုရီးယားဝမ် (KRW)၊ ဂျပန်ယန်း (JPY) နှင့် ယူရို (EUR) အပါအဝင် ကမ္ဘာသုံးငွေကြေးများကို သီးခြားစီ စနစ်တကျ မှတ်သားနိုင်ပါသည်။

Can I split expenses with friends who don't have the app? အက်ပ်မရှိသော သူငယ်ချင်းများနှင့် ငွေခွဲဝေမှတ်သားနိုင်ပါသလား။

Yes. You can add friends by name, assign expense shares, track Payable / Receivable balances, and share clean text summaries directly via chat apps. Shared summaries let friends review the balances; they do not automatically update their records. ရရှိနိုင်ပါသည်။ အက်ပ်မရှိသော သူငယ်ချင်းများ၏ အမည်ကိုလည်း ထည့်သွင်းမှတ်သားနိုင်ပြီး ပေးရန်/ရရန် စာရင်းအကျဉ်းချုပ်များကို မက်ဆေ့ခ်ျများမှတစ်ဆင့် အလွယ်တကူ မျှဝေပေးပို့နိုင်ပါသည်။ မျှဝေထားသော စာရင်းအကျဉ်းချုပ်ကို ကြည့်နိုင်သော်လည်း လက်ခံသူ၏ စာရင်းများကို အလိုအလျောက် ပြင်ဆင်ပေးမည် မဟုတ်ပါ။

Is my financial data shared or tracked? ကျွန်ုပ်၏ အချက်အလက်များကို မျှဝေခြင်း သို့မဟုတ် စောင့်ကြည့်ခြင်း ရှိပါသလား။

No. Your data stays on your device. မရှိပါ။ သင့်အချက်အလက်များသည် သင့်ဖုန်းထဲ၌သာ ရှိနေမည်။

How do I back up my data or move to a new phone?အရန်သိမ်းရန် သို့မဟုတ် ဖုန်းအသစ်သို့ ပြောင်းရန် ဘယ်လိုလုပ်ရမလဲ။

In Account, create a backup file and keep a copy somewhere safe outside your phone. On your new phone, open Sayin and use Restore from a backup to select that file. Back up regularly so you have a recent copy.Account တွင် အရန်ဖိုင် ဖန်တီးပြီး သင့်ဖုန်းပြင်ပ လုံခြုံသည့်နေရာ၌ မိတ္တူတစ်ခု သိမ်းထားပါ။ ဖုန်းအသစ်တွင် Sayin ကိုဖွင့်ပြီး အရန်ဖိုင်မှ ပြန်ထည့်သည့် လုပ်ဆောင်ချက်ဖြင့် ထိုဖိုင်ကို ရွေးပါ။ နောက်ဆုံးစာရင်းများ ပါဝင်စေရန် ပုံမှန် အရန်သိမ်းထားပါ။

Can I recover my records if I lose my phone?ဖုန်းပျောက်သွားလျှင် စာရင်းတွေ ပြန်ရနိုင်ပါသလား။

Your records stay on your device. Keep a backup outside your phone so you can restore them if it is lost or damaged. Without access to your device or a backup, Sayin cannot recover your local records.စာရင်းများကို သင့်ဖုန်းထဲ၌ သိမ်းထားပါသည်။ ဖုန်းပျောက်ခြင်း သို့မဟုတ် ပျက်စီးခြင်း ဖြစ်ပါက ပြန်ထည့်နိုင်ရန် အရန်ဖိုင်ကို ဖုန်းပြင်ပ၌ သိမ်းထားပါ။ မူလဖုန်းနှင့် အရန်ဖိုင် နှစ်ခုလုံး မရှိလျှင် Sayin မှ စာရင်းများကို ပြန်လည်ရယူပေးနိုင်မည် မဟုတ်ပါ။